EMAIL

info@mandalaypetshop.com

CALL NOW

(+95)-9-40269-9504

Menu

Mandalay Pet Shop, Hotel & Spa ဆိုင်ခွဲ (၂) အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်း


Mandalay Pet Shop, Hotel & Spa ဆိုင်ခွဲ (၂) အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်း
0 Comments

19.8.2018 နေ့တွင် ကျင်းပပီးစီးခဲ့ပါသော Mandalay Pet Shop, Hotel & Spa ဆိုင်ခွဲ (၂) အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်း အတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြပါသော မိဘ ဆွေမျိုး သူငယ်ချင်းများ၊ ကြွရောက်ဂုဏ်ပြုချီးမြှင့် ပေးကြပါသော ဧည့်သည်တော်များ နှင့် တိမွေးကု ဆရာဝန်ကြီးများ၊ ကံစမ်းမဲ များပါဝင်ကူညီပေးပါသော PCG group အားလည်းကောင်း၊ လက်ဆောင်များတကူးတကပို့ပေးပါသော Bearing Myanmar အားလည်းကောင်း၊ ဂုဏ်ပြုပန်းခြင်း ချီးမြှောက်ပေးပါသော Royal Canin ၏ တစ်ဦးတည်း ကိုယ်စားလှယ် Fortune Myanmar မှ ဒါရိုက်တာ ဦးအောင်ခိုင်သန်း နှင့် တာဝန်ရှိသူများအားလုံးအားလည်းကောင်း၊ ပွဲအစအဆုံး အဆင်ပြေချောမွေ့စွာ စီစဉ်ပေးပါသော MC ပိုးပန်းချီခင်အားလည်းကောင်း၊ အဆိုတော် G Mine Nar၊ Bees Poison Dance Crew နှင့် ကိန္နရီ ကိန္နရာ အကဖြင့် ဖျော်ဖြေပေးပါသော ရှမ်းအဖွဲ့အစည်းမှ အဖွဲ့သားများလည်းကောင်း၊ မုန့်များစီစဉ်ပေးပါသော My School မှ မသင်းသင်းချမ်းမြေ့ အားလည်းကောင်း၊ မေတ္တာဖြင့် မိတ်ကပ် ကူညီပံ့ပိုးပေးပါသော ကိုဖြိုးမင်းခန့် နှင့် ဗန်းကိုင်လေးများကို လှပအောင် လိမ်းခြယ်ပေးပါသော ရွှေအိမ်စံ မိတ်ကပ် မမေသူ အားလည်းကောင်း၊ မေတ္တာဖြင့်ကူညီပေးကြသော ဗန်းကိုင်ညီမငယ်လေးများနှင့် Genex Infosys Myanmar မှ ဝန်ထမ်းများအားလည်းကောင်း၊ ပွဲအစအဆုံး မေတ္တာဖြင့် ကူညီ စီစဉ် ပေးပါသော ကိုပိုင်သူ နှင့် co-founder ကိုဟန်လင်းအောင် ၏ ဖခင် ဦးခင်မောင်တိုး အားလည်းကောင်း၊ ရပ်ဝေးမှ လူကိုယ်တိုင်ကြွရောက် ဂုဏ်ပြုချီးမြှင့်ပေးကြသော သူငယ်ချင်းမိတ်ဆွေများအား လည်းကောင်း၊ လူကိုယ်တိုင်မလာနိုင်၍ ဂုဏ်ပြုလက်ဆောင်များ ပေးပို့ကြပါသော Starwood Family မှ ဆရာ Sathit နှင့် သူငယ်ချင်းများ၊ ဆွေမျိုး မိတ်သင်္ဂဟ များ နှင့် ကျေးဇူးတင်ထိုက်သူများအားလုံး အယောက်စီတိုင်းကို ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာမှတ်တမ်းတင်အပ်ပါသည်။

တာဝန်ဝတ်တရားပေါ့လျော့စွာ ဖိတ်မန္တကပြုရန်မေ့လျော့မိခဲ့ပါက၊ ပွဲနေ့တွင်ဧည့်ဝတ်မကျေပွန်မိခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခဗျာ

 

share it on :-