EMAIL

info@mandalaypetshop.com

CALL NOW

(+95)-9-40269-9504

Menu

“Ozone Jacuzzi Spa Bath”


“Ozone Jacuzzi Spa Bath”
0 Comments

 အားလုံးပဲ မင်္ဂလာပါ 

“Ozone Jacuzzi Spa Bath” service ကိုမိတ်ဆက်ပေးပါရစေ ခဗျာ..

Ozone Spa Bath ကို hydro-massage နဲ့ ozone တို့ကိုအသုံးပြုပြီး ပင်ပမ်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှု၊ အရိုးအဆစ်နှင့် ကြွက်သားများ ညောင်းညာပြေစေရန် နှင့် အမွှေးကျွတ်လွန်ခြင်း၊ အရေပြားရောဂါများ၊ မှိုစွဲရောဂါ၊ bacteria နှင့် တခြား virus ရောဂါပိုးများကို သက်သာပြောက်ကင်းစေရန် အတွက် အကောင်းဆုံး ကုထုံးတမျိုးပဲဖြစ်ပါတယ်..

Ozone Spa Bath ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ..

၁) Revitalizing – ကြောက်တက်သော ကလေးများ၊ စိတ်ဒဏ်ရာ ရဖူးသော ကလေးများ၊ စိတ်အားငယ်တက်သော ကလေးများ Ozone Spa Bath ပုံမှန် ပြုလုပ်စေခြင်းဖြင့် ပြန်လည်ကောင်းမွန်စေခြင်း၊ စိတ်ကြည်လင်စေခြင်း၊ ပေါ့ပါးလန်းဆန်းလာစေခြင်းတို့ကိုရရှိစေနိုင်ပါသည်..

၂) Relaxing and Circulation – exercise လေ့ကျင့်ခန်း ပြုလုပ်ပေးရန် အချိန်မရသဖြင့် အမြဲ လှောင်ထားရသော ကလေးများ၊ အသက်ရွယ်ကြီးနေသော လှုပ်ရှားမှုနည်းသော ကလေးများ၊ အမြဲဆော့ကစားပြီး ပင်ပမ်းနွမ်းနယ်နေသောကလေးများကို hydro-massage spa treatment ပြုလုပ်ပေးခြင်းဖြင့် ပင်ပမ်းမှု လျော့နည်းစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း တို့ကိုရရှိစေနိုင်ပါသည်..

၃) Reactivating Treatment – အရေပြားရောဂါ ခံစားနေရသော ကလေးများ၊ အမွှေးကျွတ်လွန်းသောကလေးများ အတွက် အရေပြားနှင့် အမွှေးများ ပြန်လည်အားပြည့်၍ ကောင်းမွန်လာစေရန် ozone spa treatment ကို ပြုလုပ်ပေးနိုင်ပါသည်..

Treatment Program

၁) Skin Problem ရှိသောကလေးများ တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးသင့်ပါသည်
၂) Relaxation and Circulation တွက် နှစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးသင့်ပါသည်
၃) အမွှေးကျွတ်လွန်းသော ကလေးများ အတွက် နှစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါသည်
၎) Anti-stress အတွက် တစ်လ တစ်ကြိမ် ပြုလုပ်ပေးသင့်ပါသည်

 

 အ​သေးစိတ်​ သိရှိလိုပါက ဖုန်းနံပါတ်​ 09 40269 9504 နှင့် 09 96017 9504 တို့ကို ဆက်​သွယ်​​မေးမြန်းနိုင်​ပြီး Facebook​ Page Messenger မှလည်း စုံစမ်း​မေးမြန်း နိုင်​ပါတယ်​ခ​ဗျာ..

 Mandalay Pet Shop, Hotel & Spa (2)
77 street, between 35 & 36 street, Mandalay

🙏 မိတ်ဟောင်းမိတ်သစ်များအားလုံးကို လာရောက်အားပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်ခဗျ 🙏

share it on :-