EMAIL

info@mandalaypetshop.com

CALL NOW

(+95)-9-40269-9504

Menu

 Pet Spa ~ Pet Hotel 


 Pet Spa ~ Pet Hotel 
0 Comments

 Pet Spa၊ Pet Hotel ဝန်ဆောင်မှုတို့ကို ဈေးနှုန်းချိုသာစွာ ဝန်ဆောင်မှုများပေးနေပါပြီ..

 မွှား သန်း များနေသော ကလေးများအတွက် မွှားသန်းပြောက် ဆေးဖြင့် ချိုးပေးနိုင်ခြင်း..
 ယားယံ၍ အရေပြားရောဂါရှိနေသောကလေးများအား အရေပြားယားယံပြောက်ဆေးဖြင့် ချိုးပေးနိုင်ခြင်း..
 အမွှေးလှစေရန် အမွှေးလှဆေးဖြင့် ချိုးပေးနိုင်ခြင်း..
 အဖြူရောင်ကလေးများ အရောင်များစွန်းထင်းနေပါက အစွန်းပြောက်ဆေးဖြင့် ချိုးပေးနိုင်ခြင်း..
 အရေပြားဆဲလ်များ အတွက် အားပြန်ဖြည့်ပေးသော၊ အမွှေးကျွတ်သက်သာစေနိုင်သော ဆေးဖြင့် ချိုးပေးနိုင်ခြင်း..
 ကြောင်လေးများအတွက် သီးသန့်ထုတ်ထားသော ဆပ်ပြာဖြင့် ချိုးပေးနိုင်ခြင်း..
 Puppy အငယ်လေးများအတွက် သီးသန့်ထုတ်ထားသော puppies special ဖြင့် ချိုးပေးနိုင်ခြင်း..
 Redbrown ကာလာရှိသောကလေးများအတွက် သီးသန့်ထုတ်ထားသော ဆပ်ပြာဖြင့် ချိုးပေးနိုင်ခြင်း..
 အနံ့ပြင်းသောကလေးများအတွက် အနံ့သက် များပြောက်စေတဲ့ ဆပ်ပြာဖြင့် ချိုးပေးနိုင်ခြင်း..
 အမွှေးအရောင်တောက်ပစေရန် shining shampoo ဖြင့် ချိုးပေးနိုင်ခြင်း..
 ရေချိုး ရန်မသင့်သေးသောကလေးငယ်များကို Dry Shampoo ဖြင့် အခြောက်လျော်ပေးခြင်း..
 Golden Retriever, Poodle, Bechon, Labrador Retriever, Samoyed တို့အတွက်သီးသန့်ထုတ်ထားသော သီးသန့်ဆပ်ပြာဖြင့် ချိုးပေးနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုများအပြင်…

 နားဆေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ anal gland cleaning, Trimming (အခြေခံအမွှေးညှပ်)၊ အမွှေးအလှပုံဖော်ညှပ်၊ အရောင်ဆိုး စတဲ့ဝန်ဆောင်မှုများကို တခုခြင်းဖြစ်စေ၊ package ဖြင့်ဖြစ်စေ ဝန်ဆောင်မှုများရယူနိုင်ပါသည်.. ထို့အပြင်..

 Ozone Jacuzzi Spa Bath Treatment များလည်း ရရှိနိုင်ပါသည်..

Ozone Spa Bath ကို hydro-massage နဲ့ ozone တို့ကိုအသုံးပြုပြီး ပင်ပမ်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှု၊ အရိုးအဆစ်နှင့် ကြွက်သားများ ညောင်းညာပြေစေရန် နှင့် အမွှေးကျွတ်လွန်ခြင်း၊ အရေပြားရောဂါများ၊ မှိုစွဲရောဂါ၊ bacteria နှင့် တခြား virus ရောဂါပိုးများကို သက်သာပြောက်ကင်းစေရန် အတွက် အကောင်းဆုံး ကုထုံးတမျိုးပဲဖြစ်ပါတယ်..

Ozone Spa Bath ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ..

၁) Revitalizing – ကြောက်တက်သော ကလေးများ၊ စိတ်ဒဏ်ရာ ရဖူးသော ကလေးများ၊ စိတ်အားငယ်တက်သော ကလေးများ Ozone Spa Bath ပုံမှန် ပြုလုပ်စေခြင်းဖြင့် ပြန်လည်ကောင်းမွန်စေခြင်း၊ စိတ်ကြည်လင်စေခြင်း၊ ပေါ့ပါးလန်းဆန်းလာစေခြင်းတို့ကိုရရှိစေနိုင်ပါသည်..

၂) Relaxing and Circulation – exercise လေ့ကျင့်ခန်း ပြုလုပ်ပေးရန် အချိန်မရသဖြင့် အမြဲ လှောင်ထားရသော ကလေးများ၊ အသက်ရွယ်ကြီးနေသော လှုပ်ရှားမှုနည်းသော ကလေးများ၊ အမြဲဆော့ကစားပြီး ပင်ပမ်းနွမ်းနယ်နေသောကလေးများကို hydro-massage spa treatment ပြုလုပ်ပေးခြင်းဖြင့် ပင်ပမ်းမှု လျော့နည်းစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း တို့ကိုရရှိစေနိုင်ပါသည်..

၃) Reactivating Treatment – အရေပြားရောဂါ ခံစားနေရသော ကလေးများ၊ အမွှေးကျွတ်လွန်းသောကလေးများ အတွက် အရေပြားနှင့် အမွှေးများ ပြန်လည်အားပြည့်၍ ကောင်းမွန်လာစေရန် ozone spa treatment ကို ပြုလုပ်ပေးနိုင်ပါသည်..

Treatment Program

၁) Skin Problem ရှိသောကလေးများ တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးသင့်ပါသည်
၂) Relaxation and Circulation တွက် နှစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးသင့်ပါသည်
၃) အမွှေးကျွတ်လွန်းသော ကလေးများ အတွက် နှစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါသည်
၎) Anti-stress အတွက် တစ်လ တစ်ကြိမ် ပြုလုပ်ပေးသင့်ပါသည်

 Shop (1) 41st street, between 89th & 90th street, Mandalay. 09-960179504

 Shop (2) 77th street, between 35th & 36th street, Mandalay. 09-402699504

 မိတ်ဟောင်းမိတ်သစ်များအားလုံးကို လာရောက်အားပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်ခဗျ 

share it on :-