EMAIL

info@mandalaypetshop.com

CALL NOW

(+95)-9-7563000-50

Menu

Red Carpet Pet Fashion Show Contest


Red Carpet Pet Fashion Show Contest
0 Comments

အားလုံးစောင့်မျှော်နေကြတဲ့ Red Carpet Pet Fashion Show Contest ပွဲကြီးကို ကြေငြာပေးသွားမှာပဲဖြစ်ပါတယ်..

အလန်းစားပွဲတက် Fashion တွေနဲ့ ဝုလေးတွေရော မြောင်လေးတွေပါ ပါဝင်ယှဉ်ပြိုင်ရမယ့်ပွဲလေးဖြစ်ပြီးတော့ ယှဉ်ပြိုင်ကြမယ့် Pet လေးတွေထဲကမှ အလန်းဆုံး Fashion , အမိုက်ဆုံး Style လေးတွေကို ရွေးချယ်ပြီး Winner , Runner up ဆုတွေ ပေးအပ်သွားမယ့်အပြင်မှာ International Grooming Certification & Pet Fair Myanmar Page မှာ ကြိုတင်စာရင်းသွားထားတဲ့ Petလေးတွေကို Post တင်ပေးပြီးတော့ Popular Choice Award ကိုလည်း ရွေးချယ် ပေးအပ်သွားမှာဖြစ်ပါတယ်..

ဆုရရှိမယ့် Pet လေးတွေကို Trophy  နဲ့ လက်ဆောင်လေးတွေလည်း 
ချီးမြှင့်ပေးသွားဦးမှာပဲဖြစ်ပါတယ်နော်..

Pet Fashion Show Contest မှာ ပါဝင်မယ့်ကလေးတွေကို Pawrents တို့က Detail နဲ့တကွ Page ရဲ့ Messenger မှာ January လ 26ရက်နေ့ နောက်ဆုံးထားပြီး ကြိုတင်စာရင်းပေးသွင်းထားဖို့တော့ လိုပါမယ်နော်..  

ပြိုင်ပွဲဝင်ကြေး ပေးသွင်းရန် မလိုအပ်ပါရှင်.. ရန်မူတက်တဲ့ခလေးတွေကလွဲရင်မည်သည့်အမျိုးအစားမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်ရှင်.. 

ထို့အပြင် Free Show လေးဖြစ်တဲ့အတွက် စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင့်.. 

Pet လေးတွေရဲ့ အမိုက်စား Fashion တွေကို မြင်ရဖို့ အရမ်းတွေ စိတ်လှုပ်ရှားနေပါပြီ 
အမြန်ဆုံးစာရင်းသွင်းကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်..

Venue: “The Zawana” Sports Arena

Date: 3 – 4 FEB 2024

Time: 9am – 6pm

————————————————

Red Carpet Pet Fashion Show Contest  

In this Red Carpet Pet Fashion Show event, Various adorable pets showcase their charm and style, making it a truly delightful spectacle! 

The fashion show features a variety of fashionable outfits, with dogs and cats strutting down the runway, exuding elegance and charm. The participants, including the most stylish dogs, the cutest cats, and even some exotic pets, compete for the title of International Grooming Certification & Pet Fair Myanmar pageant.The winners are crowned with the prestigious Pet Fashion Show trophy and receive lovely gifts.

It’s not just a competition; it’s a celebration filled with joy and warmth! 

Everyone is invited to witness the unique personalities and styles of these pets and share in the joy of the event.

share it on :-