EMAIL

info@mandalaypetshop.com

CALL NOW

(+95)-9-7563000-50

Menu

Mandalay Grooming Academy

ဆရာ Han Lin Aung @ Sir Phillip ရဲ့ International Study profile လေးကို Update Sharing လေးလုပ်ပေးချင်ပါတယ်ရှင့်.. 😍

2018 ခုနှစ်မှစတင်ပြီး Pet Grooming ဘာသာရပ်ကို နိုင်ငံတကာသင်ကြားရေးဆရာ ဆရာမများထံမှ

1) Professional Grooming

2) Basic Colouring

3) Asian Fusion & Creative Grooming

4) Asian Fusion & Creative Grooming & Colouring

5) Show Grooming Master Grade အထိ သင်ယူတက်မြောက်ပြီး Mandalay Grooming Academy ကိုတည်ထောင်ခဲ့ပါတယ်.. လက်ရှိအချိန်ထိ Basic Grooming သင်တန်းသားပေါင်း ၁၀၀ ကျော်နှင့် Professional Groomer ၆၀ ကျော် မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်ရှင့်.. မြန်မာနိုင်ငံအနှံ့ Spa & Grooming ဆိုင်ပေါင်း ၁၀၀ ကျော် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြပြီးဖြစ်ပါတယ်.. 🥰

Mandalay Grooming Academy သင်တန်းကျောင်း Yangon နှင့် Mandalay မြို့တို့တွင် တက်ရောက်နိုင်သည့်သင်တန်းများမှာ..

1) Basic Grooming (၄ရက်)

2) Professional Grooming Level C (၃လ)

3) Professional Grooming Level B (Asian Fusion) (၁လ)

4) Professional Grooming Level B+ (Creative Grooming & Colouring) (၁လ)

5) Basic Colouring (၄ရက်)

တို့ကိုစာတွေ့ လက်တွေ့ နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ အတိုင်း သင်ကြားပေးမှာပါ..

Mid term exam နဲ့ Final exam ဖြေဆိုပြီး အောင်မြင်ပါက MGA အသိအမှတ်ပြု certificate ရရှိပါမယ်..

ကျောင်းပီးပါက internship (အလုပ်သင်) အနေနဲ့ဝင်ရောက်လုပ်နိုင်ပြီး အတွေ့ကြုံရှိသွားပါက ကျောင်းနဲ့ချိတ်ဆက်ထားသည့်ဆိုင်တွေမှာ လစာမြင့် groomer အဖြစ်ဝင်ရောက်လုပ်ကိုင်နိုင်အောင် စီစဉ်ထားပေးပါတယ်.. ကိုယ်ပိုင်ဆိုင်ဖွင့်မည့်သူများအတွက်လည်း အစ အဆုံး ကူညီ ပံ့ပိုးပေးသွားမှာပါ..

👨‍🎓👩‍🎓 တက်ရောက်သင့်သူများမှာ

1) Spa ဆိုင် Grooming ဆိုင် ဖွင့်ထားသူများ၊ ဖွင့်လိုသူများ

2) Professional Groomer အဖြစ်ရပ်တည်လိုသူများ

3) အဆင့်မြင့် Level များ ထပ်မံသင်ကြားလိုသူများ

4) Pet Grooming ဘာသာရပ်ကို စိတ်ဝင်စားသူများ တက်ရောက်သင့်ပါသည်။

🏠🏠 နယ်ဝေးမှလာတက်မည့်သူများအတွက်လည်း အနေအထိုင်၊ အစားအသောက်များလည်း အဆင်ပြေဆုံးဖြစ်အောင် စီစဉ်ပေးပါသည်။

🤙🏻🤙🏻 သင်တန်းကြေး နှင့် အခြားသိလိုသည်များ ရှိပါက ဖုန်းနံပါတ် 09797004206 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

Share this: