EMAIL

info@mandalaypetshop.com

CALL NOW

(+95)-9-7563000-50

Menu

Mandalay International Grooming Academy

MIGA မှ သင်ကြားရေးဆရာ၊ ဆရာမများသည် နိုင်ငံတကာစံနှုန်းအတိုင်း စနစ်တကျ သင်ကြားပေးနိုင်တဲ့အပြင် International Stage များတွင်ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့ကြတဲ့ ထိပ်တန်း Instructor တွေကိုပဲ စုစည်းထားတာပါ

ဘာဖြစ်လို့ MIGA မှ ဆရာ၊ ဆရာမ တွေက ထိပ်တန်း Instructor တွေဖြစ်ရတာလဲ??
Pet Grooming မှာ အမြင့်ဆုံး Grade ဖြစ်တဲ့ Level A Master Grade အထိ သင်ယူတက်မြောက်ပြီးထားသည့်ဆရာ Phillip မှ ဦးဆောင်ခြင်း
တွဲဘက်ဆရာ၊ ဆရာမ များသည်လည်း Level B+ အထိ သင်ယူတက်မြောက်ထားကြခြင်း
FCI, ISCC, NGKC စသည့် International ပြိုင်ပွဲများတွင် မြန်မာ၊ ထိုင်း၊ ဗီယက်နံ စသည့်နိုင်ငံများတွင်သွားရောက်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များစွာရရှိထားခြင်း
International ပြိုင်ပွဲများဖြစ်သော NGKC နှင့် ISCC ကဲ့သို့ နံမည်ကြီး အဖွဲ့အစည်းများကိုပါ မြန်မာပြည်သို့ခေါ်ဆောင်၍ International Certification များရရှိနိုင်အောင်ဆောင်ရွက်နိုင်ခြင်း
International ပြိုင်ပွဲများတွင် Category အသီးသီးဖြင့် Poodle, Scissoring, Freestye စသည့် မတူညီသည့် လမ်းကြောင်းများတွင် Champion Class နှင့် Level A အထိ အသီးသီးပြိုင်ပွဲဝင်ဖြေဆိုကြပြီး ဆုတံဆိပ်များ အသီးသီးရရှိထားခြင်း
MIGA မှ ကျောင်းသား၊ ကျောင်းသူများကို International ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိနိုင်အောင် အကောင်းဆုံး လေ့ကျင့်သင်ကြား ပံ့ပိုးပေးနိုင်ခြင်း
ထိုင်း၊ ဗီယက်နမ်၊ တရုတ် စတဲ့ နိုင်ငံတကာ မှ နံမည်ကြီးဆရာကြီးများနဲ့အတူတူ Seminar များစွာကို မြန်မာပြည်မှာတွင်သာမက ထိုင်းနိုင်ငံတွင်ပါ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း
မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံတွင်ပါ သင်ကြားရေးအတွေ့အကြုံများရှိကြခြင်း
ထိုင်း၊ ကိုရီးယား၊ အိန္ဒိယ စတဲ့ international ကျောင်းသားများနှင့် မြန်မာပြည်မှ ကျောင်းသား ၁၅၀ ကျော်ကို တက်မြောက်အောင်သင်ကြားနိုင်ပြီး မြန်မာနိုင်ငံအနှံ့ ဆိုင်ပေါင်းများစွာပြန်လည်ဖွင့်လှစ်နိုင်ကြခြင်း
MIGA ကျောင်းသားများမှ နိုင်ငံတကာ အသီးသီးတွင် လစာမြင့် Groomer အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ကြခြင်း

နိုင်ငံတကာသင်ရိုးများအတိုင်း စနစ်တကျ စာတွေ့ လက်တွေ့ ပေါင်းစပ်၍ သင်ကြားခြင်း
မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံတွင်ပါ သင်တန်းကျောင်းဖွင့်လှစ်ထားသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများမှ အသိအမှတ်ပြုထားသည့် International School အဖြစ် ရပ်တည်နေခြင်း
သင်တန်းကျောင်းသက်တမ်း ၆နှစ်ကျော်ရပ်တည်ကာ သင်တန်းသားများစွာ မွေးထုတ်နိုင်ခဲ့ခြင်း
ဘန်ကောက်၊ ရန်ကုန်၊ မန္တလေး မြို့ ၃ မြို့တွင် ကျောင်းခွဲများဖွင့်လှစ်ထားတာကြောင့် နှစ်သက်ရာ မြို့တွင် တက်ရောက်နိုင်သည့်အပြင်၊ Student Exchange Program များ နှင့် Local & International တွင် Internship ဆင်းကာ အတွေ့အကြုံများရယူနိုင်ခြင်း
Basic Level C မှ Level A အထိ Category အစုံ၊ Asian Style, Creation, Coloring နှင့် Show Grooming အထိနယ်ပယ်အစုံ၊ လေ့လာသင်ယူနိုင်သည့် အဆင့်မြင့်ကျောင်းကြီး ကို ဆရာ Phillip နဲ့အတူ လက်တွဲပြီး ကျောင်းသူ၊ကျောင်းသားများကို အရည်အသွေးအမြင့်ဆုံး ပညာရပ်တွေ မျှဝေပေးနေတဲ့ ထိပ်တန်း ဆရာ၊ ဆရာမ များပဲဖြစ်ပါတယ်

ဒီလိုမျိုး နိုင်ငံတကာအသိအမှတ်ပြု ဆရာ၊ ဆရာမတွေ Team လိုက် စုစည်းပြီး ခေတ်မီနည်းစနစ်တွေနဲ့ အသေးစိတ် သင်ကြားပေးနေတာကြောင့် MIGA ရဲ့ သင်ကြားရေးစနစ်ဟာ လုံးဝ ပြီးပြည့်စုံစေပြီး သင့်အနာဂတ်အတွက် အားအကိုးရဆုံး ဖြစ်နေမှာပါ

ဒါကြောင့် ပညာရပ်တစ်ခုကို အစကနေ အဆုံးထိ နိုင်ငံတကာစံနှုန်းအတိုင်း စနစ်တကျနဲ့ တတ်မြောက်ချင်တယ်ဆိုရင်တော့ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမများရှိရာ MIGA ကျောင်းကြီးမှာ အခုပဲ ယုံကြည်မှုအပြည့်နဲ့ စတင်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်

သင်တန်းနေရာ

Yangon : အမှတ် (572)၊ အခန်း (1A)၊ မြေညီထပ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ပန်းလှိုင်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
09-776 448 536

Mandalay : 62 လမ်း၊ 104×105 ကြား၊ မန္တလေးမြို့။
09-776 448 536

Bangkok: Sathorn Business Park Building
21/7 Krung Thon Buri Road, Khlong Ton Sai, Khlong San, Bangkok 10600, Thailand
+66 65-294-2354 (Thai Speaking)
+66 83-608-1498 (English Speaking)
+66 80-481-6754 (Myanmar Speakings)

Share this: